ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၁/၂၀၁၉) အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

နေပြည်တော်၊ ဇန်နဝါရီ (၃၀)
ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၁/၂၀၁၉) အစည်းအဝေးကိုယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဥက္ကဌ (၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဆွေးနွေးအမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကဆွေးနွေးပြောကြားရာတွင် (UEHRD) ကော်မတီကို ပြည်ထောင်စုစီမံကိန်း တစ်ခုအနေဖြင့် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါကော်မတီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ဥက္ကဌအဖြစ်ဆောင်ရွက်၍ ဒုတိယဥက္ကဌတစ်ဦးနှင့် အဖွဲ့ဝင် (၂) ဦးဖြင့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက် နေ့ကဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၂၉)ရက်နေ့တွင် ကော်မတီဝင် (၉) ဦးဖြင့် ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်း ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပြုချက်များ အကောင်အထည်ဖေါ်ရေးကော်မတီ၊ နေရပ်စွန့်ခွါသူများ ပြန်လည်လက်ခံရေး နှင့်ပြန် လည်နေရာချထားရေးကော်မတီများကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ဤကော်မတီများသည် တစ်ခုနှင့် တစ်ခု ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ UEHRD ပြည်ထောင်စု စီမံကိန်းသည် ရခိုင်ပြည်နယ် အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ငန်းအဖွဲ့ (၁၀)ဖွဲ့ဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ ထိုလုပ်ငန်းအဖွဲ့များ ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ UEHRD သည် နိုင်ငံ အတွင်းရှိ နိုင်ငံသူ၊ နိုင်ငံသားများ၊ ပြည်ပရောက် မြန်မာများ၏ စုပေါင်းအား၊ မိတ်ဆွေနိုင်ငံများနှင့် အဖွဲ့ အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ရန်ပုံငွေများထပ်မံရရှိရေး ဆက်လက် ကြိုးစားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ UEHRD ၏ရန်ပုံငွေသုံးစွဲမှုများနှင့်ပတ်သက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုအပြင် နိုင်ငံတကာ စစ်ဆေးမှုအဖွဲ့တစ်ဖွဲ့ကိုပါ ငှားရမ်းစစ်ဆေး မည်ဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်လျက်ရှိပါကြောင်း၊ UEHRD၏လုပ်ငန်း စဉ်များ ပေါ်တွင် အားလုံးက ရှင်းရှင်းလင်းလင်း သိမြင်သဘောပေါက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်ရေး အတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးက ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ ပါ သည်။
ထို့နောက် ဒုတိယဥက္ကဌ(၂)၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများတွင် အလေးထားသင့်သည် အချက် အလက် များကို ရှင်းလင်းတင်ပြပြီး အတွင်းရေးမှူး ဒုတိယဝန်ကြီးဦးစိုးအောင်က UEHRD ၏ လက်ရှိ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်၍ တွဲဖက်အတွင်းရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းက လက်ရှိမြေပြင်အခြေအနေများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီး UEHRD အကြံပေးအဖွဲ့ဝင် ဦးတိုးအောင်၊ သတင်းနှင်ဆက်သွယ်ရေး ဒါရိုက်တာ ဦးကျော်မြိုင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က လိုအပ်ချက် များကို အသီးသီးဆွေးနွေးတင်ပြကြပြီး ဒုတိယဥက္ကဌ(၁)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1
#npw_jan2019

Sign Up

Upcoming Events