လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀.၁.၂၀၁၉)ရက်နေ့ (၀၈း၀၀)နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ၊နန်ဆန်ယန်ကျေးရွာမှ မြို့ပေါ်ရပ်ကွက်ကျေးရွာများသို့ ရောက်ရှိနေသော တိုက်ပွဲရှာင်ပြည်သူ အိမ်ထောင်စု (၁၅)စု၊ လူဦးရေ (၁၀၅)ဦးနှင့် ဘုန်းတော်ကြီး(၁)ပါး၊ ခရစ်ယာန်ဘုန်းတော်ကြီး(၁)ပါးတို့အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့များမှ နန်ဆန်ယန်ကျေးရွာသို့ လိုက်ပါပို့ဆောင် ရွှေ့ပြောင်းပေးခဲ့ရာပြီး ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၂) ပါးစာ၊ ကယ်ဆယ်ရေး ပစ္စည်း(၁၇ )မျိုး (၁၅)အိမ်ထောင်စာ၊ ၊ စားနပ်ရိက္ခာ(၁)လစာငွေ(၁၁၈၇၆၂၅/-)နှင့် ပြောင်းရွှေ့ /အိမ်ဆောက်/ ကျောင်းဆောက်ပစ္စည်းဖိုးငွေ( ၂၀၇၀၀၀၀/-)၊ MEC(၇)ပေသွပ် (၁၈၀)ချပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဆန်၊ဆီ၊ ပဲ၊ ဆား ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ အာလူး၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ကျန်းမာရေး ဦးစီးဌာနမှ ဆေးစိမ်ခြင်ထောင် အသီးသီးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အိမ်တိုင်ရာရောက်ပြောင်းရွှေ့ပေးမှု အစီအစဉ်အား (၁၄း၃၀)နာရီအချိန်တွင် ပြီးဆုံးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#otr
#kcn_jan2019