Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် သီပေါမြို့၊ အ.ထ.က (၂) စာသင်ကျောင်း၌ ကျောင်းသား/သူ (၅၀၀) ဦးခန့်အားလည်းကောင်း၊ နေ့လည်ပိုင်းတွင် သီပေါမြို့၊ အ.လ.က (ခွဲ) မ (၄) စာသင်ကျောင်း၌ ကျောင်းသား/သူ (၁၅၀) ဦးတို့အားလည်းကောင်း သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_feb2019
-
ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာအုပ်စု၊ရှမ်းကွင်းကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၉)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ကျုံတာ ကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာ၌ မီးဘေးဖြစ်ခဲ့ရာ မီးဘေးသင့်အိမ်ခြေ/အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ် ရေးပစ္စည်း(၁၇)မျိုး၊actionaid အလှူပစ္စည်း(၁)စုံ၊မီးဘေးသင့်လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခဖိုးငွေ(၁၂၆၀၀/-) ကျပ်၊အိမိဆောက်ပ္စည်းဖိုးငွေ(၂၀၀၀၀၀/-)ကျပ်တို့ကို (၃၁-၁-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ ကြောင်းသတင်းရရှိပါသည် ။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha-fir #ayy_feb2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် သီပေါမြို့၊ အမှတ် (၆)၊ အ.လ.က (ခွဲ) စာသင်ကျောင်း၌ ကျောင်းသား/သူ (၁၅၀) ဦးခန့်အားလည်းကောင်း၊ နေ့လည်ပိုင်းတွင် သီပေါ မြို့နယ်၊ အ.ထ.က (ခွဲ) ဘော်ကြိုစာသင်ကျောင်း၌ ကျောင်းသား/သူ (၂၅၀) ဦးတို့အားလည်းကောင်း သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_feb2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) အချိန်မှ (၁၅း၀၀) နာရီအချိန်ထိ တပ်ကုန်းမြို့နယ်၊ သာယာအေးကျေးရွာ၌ ကျေးရွာသူ/သား (၂၂၅) ဦးတို့အား သဘာဝဘေးအသိပညာများဟောပြောပို့ချခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်နှင့် ဘောပင်များဝေငှပေးခြင်း နှင့် ကျေးရွာအတွက် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_feb2019
-
သဘာဝဘေးလျော့ပေါ့ရေးလူငယ်ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၈-၁-၂၀၁၉)ရက်နေ့မှ (၃၀-၁-၂၀၁၉)ရက်နေ့ထိ ဖွင့်လှစ်သည့် သဘာဝဘေး လျော့ပေါ့ရေးလူငယ်ဆင့်ပွားသင့်တန်းကို သင်တန်းသား/ သင်တန်းသူ(၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး (၃၀-၁-၂၀၁၉)ရက်နေ့တွင် သင်တန်းဆင်းလက်မှတ်များနှင့် ပုလဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား hand speakerနှင့် Radio များပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး #ar #sgg_jan2019
-
အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Church World Service Myanmar (CWS) မှ ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများနှင့်အတူ (၃၁-၁-၂၀၁၉) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဂါတ်ကျေးရွာအုပ်စု၊ ကျွဲဂါတ်ကျေးရွာ၌ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး အသိပညာပေးဗီနိုင်းပိုစတာများအား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့၌ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jan2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၃၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ မိုင်းဖုန်းကျေးရွာအုပ်စု၊ ဝှေလန်ကျေးရွာ အလယ်တန်းကျောင်း၌ တက်ရောက်သူ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၅၀) ဦးအားလည်းကောင်း၊ နေ့လည် (၁၂း၃၀) အချိန်မှ (၁၄း၃၀) နာရီ အချိန်ထိ မိုင်းကိုးကျေးရွာအုပ်စု၊ ယန်းခမ်းကျေးရွာ အမကကျောင်း၌ တက်ရောက်သူ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၈၀) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ တပ်ကုန်းမြို့နယ်၊ သံပုရာကုန်းကျေးရွာ အ.ထ.ကစာသင်ကျောင်းတွင် ကျောင်းသူ/ ကျောင်းသား(၃၁၀) ဦးတို့အား သဘာဝဘေးအသိပညာများဟောပြောဆောင်ရွက်ခဲ့ပြီး ကျောင်းအတွက် ဗီနိုင်း ပိုစတာပေးအပ်ခြင်းနှင့် ဟောပြောပွဲတက်ရောက်သူများအား လက်ကမ်းစာစောင်နှင့် ဘောပင်များ ဖြန့်ဝေခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_jan2019
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည့် နေအိမ်(၂)လုံးအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၃၀-၁-၂၀၁၉)ရက်နေ့တွင် မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာ အုပ်စု ကုက္ကိုစုကျေးရွာ၌် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု အတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အလှူပစ္စည်း Care Myanmar ပိုက်ဖျာ (၂) ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂၆၀၀/-)ကျပ် တို့အား(၃၁- ၁- ၂၀၁၉) ရက်နေ့ (၁၂:၂၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
တောင်တွင်းကြီးမြို့နယ် မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉)ရက်နေ့(၀၈း၀၀)နာရီအချိန်၌ တောင်တွင်းကြီးမြို့နယ်၊စစ်တားကျေးရွာတွင်(၃၀-၁-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ(၂)လုံး အတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀၀/-)၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇)ရက်စာ (၁၈,၉၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့ကို (၃၁-၁-၂၀၁၉)ရက်နေ့ (၁၀း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha-fir #mgy_jan2019









