လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၃၀-၁-၂၀၁၉)ရက်နေ့တွင် မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာ အုပ်စု ကုက္ကိုစုကျေးရွာ၌် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု အတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အလှူပစ္စည်း Care Myanmar ပိုက်ဖျာ (၂) ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂၆၀၀/-)ကျပ် တို့အား(၃၁- ၁- ၂၀၁၉) ရက်နေ့ (၁၂:၂၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha-fir
#ayy_jan2019