တောင်တွင်းကြီးမြို့နယ် မီးဘေးထောက်ပံ့မှုသတင်း

31 Pic-01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉)ရက်နေ့(၀၈း၀၀)နာရီအချိန်၌ တောင်တွင်းကြီးမြို့နယ်၊စစ်တားကျေးရွာတွင်(၃၀-၁-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့်  အိမ်ခြေ(၂)လုံး အတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀၀/-)၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇)ရက်စာ (၁၈,၉၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့ကို (၃၁-၁-၂၀၁၉)ရက်နေ့ (၁၀း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း

သတင်းရရှိပါသည် ။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha-fir

#mgy_jan2019

 

 

Sign Up

Upcoming Events