လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Church World Service Myanmar (CWS) မှ ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများနှင့်အတူ (၃၁-၁-၂၀၁၉) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဂါတ်ကျေးရွာအုပ်စု၊ ကျွဲဂါတ်ကျေးရွာ၌ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး အသိပညာပေးဗီနိုင်းပိုစတာများအား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့၌ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#ayy_jan2019