လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် သီပေါမြို့၊ အမှတ် (၆)၊ အ.လ.က (ခွဲ) စာသင်ကျောင်း၌ ကျောင်းသား/သူ (၁၅၀) ဦးခန့်အားလည်းကောင်း၊ နေ့လည်ပိုင်းတွင် သီပေါ မြို့နယ်၊ အ.ထ.က (ခွဲ) ဘော်ကြိုစာသင်ကျောင်း၌ ကျောင်းသား/သူ (၂၅၀) ဦးတို့အားလည်းကောင်း သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source:ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#shn_feb2019