လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၈-၁-၂၀၁၉)ရက်နေ့မှ (၃၀-၁-၂၀၁၉)ရက်နေ့ထိ ဖွင့်လှစ်သည့် သဘာဝဘေး လျော့ပေါ့ရေးလူငယ်ဆင့်ပွားသင့်တန်းကို သင်တန်းသား/ သင်တန်းသူ(၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး (၃၀-၁-၂၀၁၉)ရက်နေ့တွင် သင်တန်းဆင်းလက်မှတ်များနှင့် ပုလဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား hand speakerနှင့် Radio များပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source:စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး
#ar
#sgg_jan2019