လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၃၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ မိုင်းဖုန်းကျေးရွာအုပ်စု၊ ဝှေလန်ကျေးရွာ အလယ်တန်းကျောင်း၌ တက်ရောက်သူ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၅၀) ဦးအားလည်းကောင်း၊ နေ့လည် (၁၂း၃၀) အချိန်မှ (၁၄း၃၀) နာရီ အချိန်ထိ မိုင်းကိုးကျေးရွာအုပ်စု၊ ယန်းခမ်းကျေးရွာ အမကကျောင်း၌ တက်ရောက်သူ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၈၀) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#shn_jan2019