Category Archives: News
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ဆယ်ရွာကျေးရွာ၌ (၂၀-၂-၂၀၁၉) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_feb2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရန် ကြိုတင်ညှိနှိုင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၂-၂၀၁၉) ရက်နေ့၊ နေ့လယ် (၁း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရန် ကြိုတင်ညှိနှိုင်းခြင်းနှင့် ပြုလုပ်မည့်လုပ်ငန်းအဆင့်ဆင့်ရှင်း လင်းခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းလူဦးရေ (၇၅) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #simex_str #bgo_feb2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၂-၂၀၁၉) ရက်နေ့တွင် သရက်မြို့နယ်၊ မကျီးတောကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၇၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဆပ်ပြာမှုန့်ထုပ်များ၊ လက်ကမ်းစာစောင်များ ဖြန့်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_feb2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၁၉) ရက်နေ့က ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဂုံမင်းကွင်းကျေးရွာတွင် ဖြစ်ပွား ခဲ့သောမီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ (၃)လုံးအတွက် (၁)အိမ်လျှင် အိမ်ဆောက် ပစ္စည်းဖိုး (၂၀၀,၀၀၀)ကျပ်နှုန်းဖြင့် (၆၀၀,၀၀၀)ကျပ်၊ မီးဘေးသင့်အိမ်ထောင်စု (၃) စုရှိ လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၃၁,၅၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၃၁,၅၀၀)ကျပ်၊ (၁၃၁,၁၄၈) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုးစီ (၃) အိမ်ထောင်စာနှင့် … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သီပေါမြို့နယ်၊ ကျင်သီကျေးရွာအုပ်စု၊ ကျင်သီဘုန်းကြီးကျောင်း နှင့် ဆွန်အွိုက်ဘုန်းကြီးကျောင်းသို့ ထပ်မံရာက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၇၂) စု၊ လူဦးရေ (၁၇၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၃၆၇,၅၀၀/-) ကျပ်အား (၁၉-၂-၂၀၁၉) ရက်နေ့၊ (ဝရး၄၅)နာရီအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှပြည်နယ်မှူး၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_feb2019 … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့နယ်၊ အင်ပင်သာကျေးရွာ အုပ်စု၊ စစ်တောရွာနှင့် ဝါးရုံခုံရွာတို့တွင် (၁၆.၂.၂၀၁၉) ရက်နေ့ (၂၂:၀၀)အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလှန်ပျက်စီးသွားသော ဘုန်းကြီးကျောင်း (၁) ကျောင်း၊ အိမ်ခြေ (၁၇) လုံးပျက်စီးခဲ့ရာ၊ အိမ်ထောင်စု (၁၇) စုစာ အတွက် (၁) အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း ( ၅) မျိုးစီ၊ စုစုပေါင်း အိမ်ဆောက်ပစ္စည်း ဖိုး ထောက်ပံ့ငွေ (၄၆၀,၀၀၀/-) … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကံဘက်ကျေးရွာအုပ်စု၊ လေးအိမ်တန်းကျေးရွာ၌ (၁၆-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၆) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀၀/-) ကျပ်၊ care myanmar ပိုက်ဖျာ (၂) ချပ်အား … Read more
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ ရေကျော်ကျေးရွာ၌ (၁၉-၂-၂၀၁၉)နေ့ (၁၁:၀၀)နာရီတွင် ပြည်သူလူထု(၁၀၀)ဦးအား သဘာ၀ ဘေးအန္တရာယ်အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရပါသည်။ #ar #ygn_feb2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာအုပ်စု၊ အင်းလယ်ကြီး ကျေးရွာ၌ (၁၇-၂-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့် ပြည်သူများ အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၂၀-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀)အချိန်တွင် ဘေးသင့် ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် Honda Myanmar အထပ်သားစက်ရုံမီးဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းရှိ ဟွန်ဒါမြန်မာ (Honda Myanmar)အထပ်သားစက်ရုံ၌ (၁၈.၂.၂၀၁၉) ရက်နေ့၊ (၁၈:၄၅) အချိန်တွင် လွှစာမှုန့်များသို့ မီးကူးစက်၍ ဘွိုင်လာပေါက်ကွဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ(၁)ဦးသေဆုံးခဲ့၍ လူ(၁၃)ဦးဒဏ်ရာရရှိ ခဲ့ပါသည်။ အဆိုပါမီးဘေးတွင် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-) ဒဏ်ရာရရှိသူ (၁၃)ဦးအတွက် (၁)ဦးလျှင်(၅၀,၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့ငွေ(၆၅၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၉၅၀,၀၀ဝိ/-)အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၁၉.၂.၂၀၁၉)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ အင်းစိန်ပြည်သူ့ဆေးရုံရှိ ဒဏ်ရာရပြည်သူများနှင့် သေဆုံးသူ၏ကျန်ရစ်သူမိသားစုထံ … Read more









