လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သီပေါမြို့နယ်၊ ကျင်သီကျေးရွာအုပ်စု၊ ကျင်သီဘုန်းကြီးကျောင်း နှင့် ဆွန်အွိုက်ဘုန်းကြီးကျောင်းသို့ ထပ်မံရာက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၇၂) စု၊ လူဦးရေ (၁၇၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၃၆၇,၅၀၀/-) ကျပ်အား (၁၉-၂-၂၀၁၉) ရက်နေ့၊ (ဝရး၄၅)နာရီအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှပြည်နယ်မှူး၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#shn_feb2019
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)