လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၂-၂၀၁၉) ရက်နေ့၊ နေ့လယ် (၁း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရန် ကြိုတင်ညှိနှိုင်းခြင်းနှင့် ပြုလုပ်မည့်လုပ်ငန်းအဆင့်ဆင့်ရှင်း လင်းခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းလူဦးရေ (၇၅) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#simex_str
#bgo_feb2019
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)