လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၁၉) ရက်နေ့က ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဂုံမင်းကွင်းကျေးရွာတွင် ဖြစ်ပွား ခဲ့သောမီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ (၃)လုံးအတွက် (၁)အိမ်လျှင် အိမ်ဆောက် ပစ္စည်းဖိုး (၂၀၀,၀၀၀)ကျပ်နှုန်းဖြင့် (၆၀၀,၀၀၀)ကျပ်၊ မီးဘေးသင့်အိမ်ထောင်စု (၃) စုရှိ လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၃၁,၅၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၃၁,၅၀၀)ကျပ်၊ (၁၃၁,၁၄၈) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုးစီ (၃) အိမ်ထောင်စာနှင့် Family kit (၃) ပုံးတို့အား(၂၀-၂-၂၀၁၉) ရက်နေ့တွင် ဖြူးမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#bgo_feb2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)