လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာအုပ်စု၊ အင်းလယ်ကြီး ကျေးရွာ၌ (၁၇-၂-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့် ပြည်သူများ အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၂၀-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀)အချိန်တွင် ဘေးသင့် ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_feb2019
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)