လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့နယ်၊ အင်ပင်သာကျေးရွာ အုပ်စု၊ စစ်တောရွာနှင့် ဝါးရုံခုံရွာတို့တွင် (၁၆.၂.၂၀၁၉) ရက်နေ့ (၂၂:၀၀)အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလှန်ပျက်စီးသွားသော ဘုန်းကြီးကျောင်း (၁) ကျောင်း၊ အိမ်ခြေ (၁၇) လုံးပျက်စီးခဲ့ရာ၊ အိမ်ထောင်စု (၁၇) စုစာ အတွက် (၁) အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း ( ၅) မျိုးစီ၊ စုစုပေါင်း အိမ်ဆောက်ပစ္စည်း ဖိုး ထောက်ပံ့ငွေ (၄၆၀,၀၀၀/-) ကျပ်တို့အား (၁၉-၂-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#sgg_feb2019
Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)