ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် Honda Myanmar အထပ်သားစက်ရုံမီးဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုသတင်း

 

20 Pic_02 20 Pic_01ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းရှိ ဟွန်ဒါမြန်မာ (Honda Myanmar)အထပ်သားစက်ရုံ၌ (၁၈.၂.၂၀၁၉) ရက်နေ့၊ (၁၈:၄၅) အချိန်တွင် လွှစာမှုန့်များသို့ မီးကူးစက်၍ ဘွိုင်လာပေါက်ကွဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ(၁)ဦးသေဆုံးခဲ့၍ လူ(၁၃)ဦးဒဏ်ရာရရှိ ခဲ့ပါသည်။

အဆိုပါမီးဘေးတွင် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-) ဒဏ်ရာရရှိသူ (၁၃)ဦးအတွက် (၁)ဦးလျှင်(၅၀,၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့ငွေ(၆၅၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၉၅၀,၀၀ဝိ/-)အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၁၉.၂.၂၀၁၉)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ အင်းစိန်ပြည်သူ့ဆေးရုံရှိ ဒဏ်ရာရပြည်သူများနှင့် သေဆုံးသူ၏ကျန်ရစ်သူမိသားစုထံ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#ygn_feb2019

Source:         DDM

 

Sign Up

Upcoming Events