Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၁၉)ရက်နေ့တွင် ယင်းမာပင်မြို့ အမျိုးသမီးအိမ်တွင်းမှုကျောင်း၌ သင်တန်းသူ(၁၀၀)ဦးခန့်တို့ကို သဘာဝဘေးလျော့ပါးရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg _feb2019
-
ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်းရှိ ၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်း ကျေးရွာ၌ (၁၈-၂-၂၀၁၉) ရက်နေ့တွင် ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀/-) ကျပ်နှင့် Care Myanmar ပိုက်ဖျာ (၁) ချပ်တို့အား … Read more
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၂-၂၀၁၉) ရက်နေ့၊ နေ့လယ် (၁း၀၀) နာရီအချိန်မှ (၂:၃၀) နာရီအချိန်အထိ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ တလင်းဆိပ်ကျေးရွာ၊ မူလတန်းကျောင်း၌ ငလျင်ဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ရာ ကျေးရွာသူ/သား (၇၀) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ar_eqk #ar_fld #rke_feb2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုင်းပျဉ်းမြို့နယ်၊ မိုင်းပုအွန်ကျေးရွာအုပ်စု၊ ဝမ်ကုန်းကျေးရွာ၌ (၁၈-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစွည်း (၂၁) မျိုး၊ အိမ်ဆောက်ပစွည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၄,၇၀၀/-) ကျပ်အား (၂၀-၂-၂၀၁၉) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဦးမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရေဦးမြို့နယ် စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတို့သည် ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် အတွင်းရှိ ကုက္ကိုစုကျေးရွာအုပ်စုတွင် (၁၇-၂-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက် ခတ်မှုကြောင့် နေအိမ်များ သွပ်မိုးလန်ခဲ့ရာ နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ (၆) ဦး ဘေးသင့်ခဲ့ရာ ကုက္ကိုစုကျေးရွာတွင် ပျက်စီးခဲ့သော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်၊ မူးသာကုန်းကျေးရွာတွင် … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွ မြို့နယ်၊ ဆယ်ရွာကျေးရွာအုပ်စု၊ ဆယ်ရွာကျေးရွာတွင် (၁၈-၂-၂၀၁၉) ရက်နေ့(၁၄:၂၀)နာရီချိန် မီးဖို မီးကြွင်းမီးကျန်မှတဆင့် နေအိမ်သို့ မီးကူးစက်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ်(၄)လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၄) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် (၂၀-၂-၂၀၁၉)ရက်နေ့တွင် အိမ်ဆောက် ပစ္စည်းဖိုး(၇၀၀,၀၀၀) ကျပ် ၊(၇) ရက်စာ ဆန်ရိက္ခာ ဖိုးငွေ (၂၉,၄၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ (၇၂၉,၄၀၀) … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးအုပ်စု၊ ပုရွက်ဆိတ်ကုန်းကျေးရွာ၌ (၁၉-၂-၂၀၁၉) ရက်နေ့၊ (၁၀း၁၅) အချိန်တွင် လျှပ်စစ်ပစ္စည်း(ဒယ်နီ) သုံးစွဲမှုမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၃) လုံး မီးလောင်ပျက်စီးခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ မီးတားြကိုတင်ဖျက်သိမ်းနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဒဏ်ရာရဆေးရုံတက်ပြည်သူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၆) ဦးအတွက် … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြင်သား ကျေးရွာအုပ်စု၊ ကုန်းရွာကျေးရွာတွင်(၁၇-၂-၂၀၁၉)ရက်နေ့(၁၅း၃၀) နာရီအချိန်၌ လေပြင်းတိုက်မှု ကြောင့် အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၄၂) ဦး တို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၂၈၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၈၈,၂၀၀)ကျပ်၊ စုစုပေါင်း (၃၆၈,၂၀၀) ကျပ်နှင့် အိမ်ထောင်စု (၈)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးစီ တို့ကို ကုန်းရွာတာဝန်ခံအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု စာရေးတို့နှင့်အတူ (၁၉-၂-၂၀၁၉) ရက်နေ့ ညနေ(၁၅:၃၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများ … Read more
-
ရေဘေးသဏ္ဍန်တူ ဇာတ်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်ထွေအုပ်၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့တို့နှင့် ပူးပေါင်း၍ (၂၀-၂-၂၀၁၉) ရက်နေ့တွင် ကသာမြို့နယ်၊ ဒုံးအော့ကျေးရွာ၌ ရေဘေးသဏ္ဍန်တူ ဇာတ်လေ့ကျင့်ခန်း ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၄၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင် များ၊ အအေးနှင့် မုန့်များ ပေးဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #simex_fld #sgg_feb2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်သူ့စကားဝိုင်း အစီအစဉ်ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ နှင့်အတူ (၂၀-၂-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စု၊ မြို့ဦးဘုန်းတော်ကြီးကျောင်း၊ တိုက်အမှတ်(၁)နယ်မြေ၌ ပြည်သူ့စကားဝိုင်း (Public Talk) အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ စက်ဆန်းကျေးရွာအုပ်စုနှင့် ၎င်း၏အနီးရှိကျေးရွာများမှ ပြည်သူများ၊ စုစုပေါင်းလူဦးရေ (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာ သူများမှသိရှိလိုသည့် မေးမြန်းချက်များအား သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_feb2019 Source: … Read more









