လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဦးမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရေဦးမြို့နယ် စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတို့သည် ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် အတွင်းရှိ ကုက္ကိုစုကျေးရွာအုပ်စုတွင် (၁၇-၂-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက် ခတ်မှုကြောင့် နေအိမ်များ သွပ်မိုးလန်ခဲ့ရာ နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ (၆) ဦး ဘေးသင့်ခဲ့ရာ ကုက္ကိုစုကျေးရွာတွင် ပျက်စီးခဲ့သော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်၊ မူးသာကုန်းကျေးရွာတွင် ပျက်စီးခဲ့သော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံငွေ (၃၀,၀၀၀/-)ကျပ်၊ (၂)အိမ်ထောင်စာအတွက် ကယ်ဆယ် ရေးပစ္စည်း (၆) မျိုးစီနှင့် စုစုပေါင်းထောက်ပံ့ငွေ (၈၀,၀၀၀/-) ကျပ်တို့ကို (၁၉-၂-၂၀၁၉) ရက် နေ့တွင် ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#sgg_feb2019
Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)