မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

21 Pic_01 21 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုင်းပျဉ်းမြို့နယ်၊ မိုင်းပုအွန်ကျေးရွာအုပ်စု၊ ဝမ်ကုန်းကျေးရွာ၌ (၁၈-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစွည်း (၂၁) မျိုး၊ အိမ်ဆောက်ပစွည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၄,၇၀၀/-) ကျပ်အား (၂၀-၂-၂၀၁၉) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#shn_feb2019

Source:         မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

 

Sign Up

Upcoming Events