လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြင်သား ကျေးရွာအုပ်စု၊ ကုန်းရွာကျေးရွာတွင်(၁၇-၂-၂၀၁၉)ရက်နေ့(၁၅း၃၀) နာရီအချိန်၌ လေပြင်းတိုက်မှု ကြောင့် အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၄၂) ဦး တို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၂၈၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၈၈,၂၀၀)ကျပ်၊ စုစုပေါင်း (၃၆၈,၂၀၀) ကျပ်နှင့် အိမ်ထောင်စု (၈)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးစီ တို့ကို ကုန်းရွာတာဝန်ခံအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု စာရေးတို့နှင့်အတူ (၁၉-၂-၂၀၁၉) ရက်နေ့ ညနေ(၁၅:၃၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သိရှိရပါသည်။
#ha_sgw
#mgy_feb2019
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)