လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွ မြို့နယ်၊ ဆယ်ရွာကျေးရွာအုပ်စု၊ ဆယ်ရွာကျေးရွာတွင် (၁၈-၂-၂၀၁၉) ရက်နေ့(၁၄:၂၀)နာရီချိန် မီးဖို မီးကြွင်းမီးကျန်မှတဆင့် နေအိမ်သို့ မီးကူးစက်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ်(၄)လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၄) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် (၂၀-၂-၂၀၁၉)ရက်နေ့တွင် အိမ်ဆောက် ပစ္စည်းဖိုး(၇၀၀,၀၀၀) ကျပ် ၊(၇) ရက်စာ ဆန်ရိက္ခာ ဖိုးငွေ (၂၉,၄၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ (၇၂၉,၄၀၀) ကျပ်နှင့် (၄)အိမ်ထောင်စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးစီ၊ စားဆီ(၅)ပိဿာ (၁)ပုံး၊ ရေသန့်(၅)လီတာ (၁၄)ဗူး တို့ကို ဘေးသင့်ပြည်သူများထံ လက်ဝယ်သို့ သက်ဆိုင်ရာ မြို့နယ်ထွေ/အုပ် တို့နှင့်အတူ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#ygn_feb2019
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)