လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၂-၂၀၁၉) ရက်နေ့၊ နေ့လယ် (၁း၀၀) နာရီအချိန်မှ (၂:၃၀) နာရီအချိန်အထိ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ တလင်းဆိပ်ကျေးရွာ၊ မူလတန်းကျောင်း၌ ငလျင်ဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ရာ ကျေးရွာသူ/သား (၇၀) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ar_eqk
#ar_fld
#rke_feb2019
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)