ပြည်သူ့စကားဝိုင်း အစီအစဉ်ကျင်းပပြုလုပ်မှုသတင်း

20 Pic_01 20 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘိုက‌လေးမြို့နယ် အ‌ထွေ‌ထွေအုပ်‌ချုပ်‌‌ရေးဦးစီးဌာနမှတာဝန်ရှိသူများ နှင့်အတူ (၂၀-၂-၂၀၁၉) ရက်နေ့တွင် ဘိုက‌လေးမြို့နယ်၊ စက်‌ဆန်‌း‌ကျေးရွာအုပ်‌စု၊ မြို့ဦးဘုန်‌း‌တော်‌ကြီး‌ကျောင်‌း၊ တိုက်‌အမှတ်(၁)နယ်‌‌မြေ၌ ပြည်သူ့စကားဝိုင်း (Public Talk) အစီအစဉ်ကို ကျင်‌းပပြုလုပ်ခဲ့ရာ တိုင်‌း‌ဒေသကြီး လွှတ်‌‌တော်‌ကိုယ်‌စားလှယ်နှင်‌့အဖွဲ့၊ မြို့နယ်‌အဆင်‌့ဌာနဆိုင်‌ရာများမှတာဝန်‌ရှိသူများ၊ စက်‌ဆန်‌း‌ကျေးရွာအုပ်‌စုနှင့် ၎င်း၏အနီးရှိ‌ကျေးရွာများမှ ပြည်‌သူများ၊ စုစုပေါင်းလူဦးရေ (၅၀၀) ဦးခန့် တက်‌‌ရောက်‌ခဲ့ကြပြီး တက်ရောက်လာ သူများမှသိရှိလိုသည်‌့ မေးမြန်‌းချက်‌များအား သက်‌ဆိုင်‌ရာဌာနဆိုင်‌ရာများမှ တာဝန်‌ရှိသူများက ပြန်လည် ရှင်‌းလင်‌း‌ဖြေကြား‌ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#ayy_feb2019

Source:         ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

 

Sign Up

Upcoming Events