Category Archives: News
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ အလမန်းတူးချောင်းကျေးရွာအုပ်စု၊ ချောင်းတွင်း ကျေးရွာ၌ (၂၂-၂-၂၀၁၉) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ သဘာဝ ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူ စုစုပေါင်း (၅၂) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခဲ့ပြီး တက်ရောက်လာသူမျးာအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက်၊ အမှတ်စဉ် (၀၁/၂၀၁၉)
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်ထုတ်ပြန်ချက်) အရ- အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက်၊ အမှတ်စဉ် (၀၁/၂၀၁၉) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့် (၂၅-၂-၂၀၁၉) ရက်နေ့မှ (၁-၃-၂၀၁၉) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။” အကြံပြုချက် ပြည်သူများအနေဖြင့် … Read more
-
ဖျာပုံခရိုင်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်နေသော လူမှုရေးအဖွဲ့အစည်းများနှင့် လစဉ်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၂-၂-၂၀၁၉) ရက်နေ့တွင် ဖျာပုံခရိုင်၊ Action aid myanmar ရုံးခန်းအစည်းအဝေးခန်းမ၌ ဖျာပုံခရိုင်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်နေသော လူမှုရေးအဖွဲ့အစည်းများနှင့် လစဉ်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ် ခဲ့ရာ ဖျာပုံခရိုင်အတွင်း ဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့်အချက်များအား ဖော်ထုတ်ခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးကို အဖွဲ့အစည်း (၇) ဖွဲ့မှ တာဝန်ရှိသူ စုစုပေါင်းလူဦးရေ (၁၂) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_feb2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီ မံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ အလမန်းကျောင်းစုကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ (၂၂-၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြ ောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူ စုစုပေါင်း (၁၀၅) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခဲ့ပြီး တက်ရောက်လာသူမျးာအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
ပြည်တွင်းရှိ မိမိနေရပ်သို့ ဆန္ဒအလျောက် ပြန်လာသည့် တိုင်းရင်းသား ပြည်သူများအား ပြန်လည်လက်ခံကြိုဆိုခြင်းနှင့် ထောက်ပံ့မှုများ ပေးအပ်ခြင်း
================================================= Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၁၉) ရက်နေ့ (၁၁း၃၀) နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်မနွိုင်ဆွိုင်းစခန်းမှ ကယားပြည်နယ်အတွင်းရှိ မိမိနေရပ်သို့ ဆန္ဒအလျောက် ပြန်လာသည့် အိမ်ထောင်စု(၁၅)စု၊ လူဦးရေ(၅၉) ဦးအား ထိုင်း-မြန်မာ ကောင်စစ်ဝန် ဦးသိန်းအောင်၊ မယ်ဟောင်ဆောင်ခရိုင် ဒုခရိုင်ဝန် လောင်ကျစ်နှင့် တာဝန်ရှိသူများက ထိုင်း-မြန်မာနယ်စပ် ကယားပြည်နယ်၊ မယ်စဲ့နယ်စပ်ဂိတ် BP 13 သို့ လိုက်လံပို့ဆောင်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် … Read more
-
ဂန့်ဂေါမြို့နယ်၊ လုံဟာကျေးရွာအုပ်စု၊လုံဟောကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၁၉)ရက်နေ့၊(၀၁း၂၀)နာရီအချိန်တွင် ဂန့်ဂေါမြို့နယ်၊ လုံဟာကျေးရွာအုပ်စု၊ လုံဟောကျေးရွာ၌ မီးဘေးဖြစ်ခဲ့ရာ မီးဘေးသင့်အိမ်ခြေ/အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၂)စုစာနှင့် မီးဘေးသင့်လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခဖိုးငွေ(၂၇၃၀၀/-) ကျပ်၊အိမိဆောက်ပ္စည်းဖိုးငွေ(၄၀၀၀၀၀/-)ကျပ်၊ ဒဏ်ရာရရှိသူ(၁)ဦး အတွက်(၅၀၀၀၀/-)တို့ကို (၂၁-၂-၂၀၁၉)ရက်နေ့(၁၄း၀၀)နာရီတွင် မီးဘေးသင့်ပြည်သူများလက်ဝယ် အရောက် သွားရောက်ထောက်ပံ့ ကြောင်းသတင်းရရှိပါသည် ။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha-fir #mgy_feb2019
-
ငလျင်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ ဦးစီး၍ ဇေယျသီရိမြို့နယ် သစ်တောနှင့် ပတ်ဝန်ကျင်ဆိုင်ရာ တက္ကသိုလ်တွင် အထွေထွေအုပ်ချပ်ရေးဦးစီးဌာန၊ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတို့နှင့် ပူးပေါင်း၍ သစ်တောနှင့် ပတ်ဝန်ကျင်ဆိုင်ရာတက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း (၂၅၀) ဦးတို့အား ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကို (၂၁-၂- ၂၀၁၉ ) ရက်နေ့၊ နံနက် (၀၉:၀၀) အချိန်မှ နေ့လည် (၁၂:၀၀)အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် ကျောင်းသူ/သားများအား ရေသန့်နှင့် မုန့်များ ဝေငှပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် ကျောင်းအတွက် … Read more
-
ဒုတိယဝန်ကြီး ဦးစိုးအောင်အား မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ SEEDS Asia နှင့် Toyo Eiwa University တို့မှ ကိုယ်စားလှယ်များ လာရောက် တွေ့ဆုံမှုသတင်း
ဖေဖော်ဝါရီ ၂၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်မြင့်၊ Prof. Rajib Shaw, Chairman of the board, SEEDS Asia နှင့် Dr. Aiko Surkural, Associate Professor, Toyo Eiwa University တို့မှကိုယ်စားလှယ်များက နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လာရောက်တွေ့ ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more
-
ချောက်မြို့၊ အမှတ် (၈) ရပ်ကွက်၊ သာယာအေးရပ် မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့၊ အမှတ်(၈)ရပ်ကွက်၊ သာယာအေးရပ် ၌ (၂၀-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၁၄,၇၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၄,၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု (၂) စုစာတို့အား (၂၁-၂-၂၀၁၉) ရက်နေ့ (၁၅း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ၌ (၂၀-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၁) စုစာနှင့် Care Myanmar … Read more









