ငလျင်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ ဦးစီး၍ ဇေယျသီရိမြို့နယ် သစ်တောနှင့် ပတ်ဝန်ကျင်ဆိုင်ရာ တက္ကသိုလ်တွင် အထွေထွေအုပ်ချပ်ရေးဦးစီးဌာန၊ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတို့နှင့် ပူးပေါင်း၍ သစ်တောနှင့် ပတ်ဝန်ကျင်ဆိုင်ရာတက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း (၂၅၀) ဦးတို့အား ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကို (၂၁-၂- ၂၀၁၉ ) ရက်နေ့၊ နံနက် (၀၉:၀၀) အချိန်မှ နေ့လည် (၁၂:၀၀)အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် ကျောင်းသူ/သားများအား ရေသန့်နှင့် မုန့်များ ဝေငှပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် ကျောင်းအတွက် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

#ar_eqk
#npw_feb2019

Sign Up

Upcoming Events