လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၂-၂-၂၀၁၉) ရက်နေ့တွင် ဖျာပုံခရိုင်၊ Action aid myanmar ရုံးခန်းအစည်းအဝေးခန်းမ၌ ဖျာပုံခရိုင်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်နေသော လူမှုရေးအဖွဲ့အစည်းများနှင့် လစဉ်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ် ခဲ့ရာ ဖျာပုံခရိုင်အတွင်း ဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့်အချက်များအား ဖော်ထုတ်ခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးကို အဖွဲ့အစည်း (၇) ဖွဲ့မှ တာဝန်ရှိသူ စုစုပေါင်းလူဦးရေ (၁၂) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#ayy_feb2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)