ဒုတိယဝန်ကြီး ဦးစိုးအောင်အား မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ SEEDS Asia နှင့် Toyo Eiwa University တို့မှ ကိုယ်စားလှယ်များ လာရောက် တွေ့ဆုံမှုသတင်း

21_Pic_01
ဖေဖော်ဝါရီ ၂၁၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား  မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်မြင့်၊ Prof. Rajib Shaw, Chairman of the board, SEEDS Asia နှင့် Dr. Aiko Surkural, Associate Professor, Toyo Eiwa University တို့မှကိုယ်စားလှယ်များက နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လာရောက်တွေ့ ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ ဂျပန်နိုင်ငံမှအစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် SEEDS Asia  တို့ပူးပေါင်း၍ ဟင်္သာတမြို့နယ်အတွင်းရှိ လိပ်ချောင်း ကျေးရွာအုပ်စု၊ နဘဲကုန်းကျေးရွာတွင် လိုအပ်လျက်ရှိသော သဘာဝဘေးကျရောက်ချိန်တွင် ခိုလှုံရာအဆောက်အအုံတစ်ခုအဖြစ်လည်းကောင်း အသုံးပြုနိုင် သည့် မူလတန်းကျောင်းဆောင်သစ် (School Cum Shelter) ဆောက်လုပ်လှူဒါန်းခဲ့သည့်ကိစ္စများ၊ ကျောင်းဆောင်သစ်အား စံနမှုနာ (Model ) အဖြစ် သတ်မှတ်၍ သဘာဝဘေး ဒဏ်ကြံ့ကြံ့ခံနိုင်သည့် ကျောင်းအဆောက်အဦပုံစံ စံသတ်မှတ်ချက်များပေါ်ထွက်လာရေး ဆောင်ရွက်နိုင်မည့် အခြေအနေများ  ဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ၊ ပညာသင်ဆုများ ပေးအပ်နိုင်ရေးကိစ္စများ၊ ဟင်္သာတမြို့နယ်ရှိ ဘဘာဝ ဘေးအန္တရယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းနှင့် ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေးအသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ရပ်ရွာ လူထုအခြေပြု သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်များ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေ အနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl2_otr
#npw_feb2019
Source:  MSWRR

Sign Up

Upcoming Events