အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

22 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ အလမန်းတူးချောင်းကျေးရွာအုပ်စု၊ ချောင်းတွင်း ကျေးရွာ၌ (၂၂-၂-၂၀၁၉) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ သဘာဝ ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူ စုစုပေါင်း (၅၂) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခဲ့ပြီး တက်ရောက်လာသူမျးာအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_feb2019

Source:         မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events