ချောက်မြို့၊ အမှတ် (၈) ရပ်ကွက်၊ သာယာအေးရပ် မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့၊ အမှတ်(၈)ရပ်ကွက်၊ သာယာအေးရပ်
၌ (၂၀-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၁၄,၇၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၄,၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု (၂) စုစာတို့အား
(၂၁-၂-၂၀၁၉) ရက်နေ့ (၁၅း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_fir
#mgy_feb2019

Sign Up

Upcoming Events