Category Archives: News
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
(၂၄-၂-၂၀၁၉)ရက်နေ့(၀၃:၁၀) အချိန်တွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ေျကျးရွာအုပ်စု၊ ကျည်တောင် ကျေးရွာပေါင်းလောင်းရေအား လျှပ်စစ်ဝန်း၊ နေအိမ်အတွင်း ဝါယာကြိုးအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး (၉၀ x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ (၉)ခန်းတွဲ(၂)ဆောင် မီး လောင်ကျွမ်းခဲ့ရာ အိမ်ထောင်စု (၂၁) စု၊ လူဦးရေ (၆၈)ဦး မီးဘေးသင့်ခဲ့ ပါကြောင်း ဘေးသတင်းရရှိခဲ့သည့်အတွက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူး ကြီးမင်းနောင်၊ ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာဌာန ဆိုင်ရာအသီးသီးမှ တာဝန်ရှိသူ များနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူ များသည် … Read more
-
ငလျင်ဘေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၂-၂၀၁၉) နေ့ (၀၉:၀၀)နာရီအချိန်တွင် ခန္တီးမြို့ပေါ် (၃) ရပ်ကွက်ရှိပြည်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စုစုပေါင်း အင်အား (၁၅၀)ဦးဖြင့် ခန္တီးမြို့နယ် အားကစား ခန်းမ၌ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #simex_eqk #sgg_feb2019 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးကော်မတီ (Committee on the Elimination of Discrimination against Women – CEDAW) ၏ (၇၂) ကြိမ်မြောက် လုပ်ငန်းအဖွဲ့ အစည်းအဝေး သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်မှုသတင်း
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးကော်မတီ (Committee on the Elimination of Discrimination against Women – CEDAW) ၏ (၇၂) ကြိမ်မြောက် လုပ်ငန်းအဖွဲ့အစည်းအဝေးကာလအတွင်း ကော်မတီ၏မေတ္တာရပ်ခံချက် ဖြင့် မြန်မာနိုင်ငံမှ တင်သွင်းသည့် သီးခြားအစီရင်ခံစာ နှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကော်မတီအကြား ဆွေးနွေးပွဲတစ်ရပ်ကို ၂၂-၂-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး … Read more
-
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို (၂၃-၂-၂၀၁၉) ရက်နေ့ နံနက်ပိုင်းက ရွာငံမြို့နယ်၊ ဒုတ္ထိုးရေကျေးရွာအုပ်စု၊ ယုံတောင်ကျေးရွာ၊ ယုံတောင်ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ကျောက်ပုံကျေးရွာအုပ်စု၊ အင်းလှကျေးရွာ၊ အင်းလှဘုန်းတော် ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲများသို့ လူဦးရေ(၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ #ar #shn_feb2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပေါက်ခေါင်းမြို့နယ်ရှိ တောင်န၀င်းရေလှောင်တမံမျက်နှာပြင်တွင် အက်ကွဲကြောင်းဖြစ်ပေါ်မှုနှင့် စပ်လျဉ်းပြီး အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီမှ သဘာ၀ဘေး လျော့ပါးရေးဆွေးနွေး ဟောပြောပွဲနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်န၀င်းပင်မတမံ၏ ထိပ်မျက်နှာပြင်တွင် အလျားလိုက်နှင့်အပေါ်အောက် အက်ကွဲကြောင်းများ ဖြစ်ပေါ်မှုနှင့်စပ်လျဉ်း၍ အမျိုးသား သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအနေဖြင့် သဘာ၀ဘေးကြိုတင်ကာကွယ်ရေးနှင့် ထိခိုက် ဆုံးရှုံးမှုလျော့နည်းစေရေး ကြိုတင်ပြင်ဆင်မှုနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် စီမံဆောင်ရွက်မှုလုပ်ငန်း များအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ နီးနီးကပ်ကပ် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်မှု၏ လုပ်ငန်းတစ်ရပ်အဖြစ် ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၃-၂-၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးများဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၂-၂၀၁၉) ရက်နေ့တွင် ကျိုက်လတ်မြို့နယ် ရောင်နီဦး လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျိုက်လတ်မြို့၊ မှန်ကျောင်း(၆)လမ်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာကိုယ်စားလှယ်ခေါင်းဆောင် များ တက်ရောက်ခဲ့ကြရာ ဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဦးစီးဌာန၏ ဆောင်ရွက်ပေးနေသော လုပ်ငန်းတာဝန် များနှင့် သဘာဝဘေးလျော့ပါးရေး အသိပညာပေးများဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ရာ အဆိုပါ အခမ်းအနားသို့ တက်ရောက်သူ (၁၅၀)ဦးခန့်ရှိကြောင်း သိရှိရပါသည်။ #ar #ayy_feb2019 Source: … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့၊ အမှတ် (၃) ရပ်ကွက်၊ အောင်ဆန်း (၇) လမ်း၌ (၂၁-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ဘေးသင့်ပြည်သူ (၁၀) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဘိုး (၂၁,၀၀၀)ကျပ်၊ စုစုပေါင်း … Read more
-
ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဥရောပကော်မရှင်၏ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အီးယူ သံအမတ်ကြီးတို့အဖွဲ့က လာရောက်တွေ့ဆုံမှုသတင်း
ဖေဖော်ဝါရီ ၂၂၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဥရောပကော်မရှင်၏ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Helena Konig ၊ ပြည်ပဆက်ဆံရေး ဆိုင်ရာ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး Mrs. Paola Pampaloni နှင့် မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Mr.Kristian Schmid ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ထိုင်းနိုင်ငံဒုက္ခသည် စခန်းများမှ … Read more
-
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
ဖေဖော်ဝါရီ၂၂၊ နေပြည်တော် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအောက်တွင် ဖွဲ့စည်းထားသောလုပ်ငန်း ကော်မတီများအနက် လုပ်ငန်းကော်မတီတစ်ခုဖြစ်သည့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အဆိုပါကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးကအမှာစကားပြောကြားရာတွင် မြန်မာင်ငံသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကလေးများအားအဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းဆိုင်ရာ ILO Convention 182 ကို … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းအင်ဂျန်ဒုံရပ်ကွက်၌ (၁၃-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၉) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၂၂-၂-၂၀၁၉) ရက်နေ့၊ (၁၁:၃၀) အချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_feb2019 … Read more









