ဖေဖော်ဝါရီ ၂၂၊ နေပြည်တော်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဥရောပကော်မရှင်၏ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Helena Konig ၊ ပြည်ပဆက်ဆံရေး ဆိုင်ရာ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး Mrs. Paola Pampaloni နှင့် မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Mr.Kristian Schmid ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ထိုင်းနိုင်ငံဒုက္ခသည် စခန်းများမှ မိမိဆန္ဒအလျောက်နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ် ဆိုင်ရာ အကြုံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ တစ်နိုင်ငံလုံးရှိ IDP စခန်းများအား စနစ်တကျ ပိတ်သိမ်းနိုင်ရေး အမျိုးသားအဆင့် မဟာဗျုဟာရေးဆွဲဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
#hl2
#npw_feb2019