လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို (၂၃-၂-၂၀၁၉) ရက်နေ့ နံနက်ပိုင်းက ရွာငံမြို့နယ်၊ ဒုတ္ထိုးရေကျေးရွာအုပ်စု၊ ယုံတောင်ကျေးရွာ၊ ယုံတောင်ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ကျောက်ပုံကျေးရွာအုပ်စု၊ အင်းလှကျေးရွာ၊ အင်းလှဘုန်းတော် ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲများသို့ လူဦးရေ(၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
#ar
#shn_feb2019
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)