ပေါက်ခေါင်းမြို့နယ်ရှိ တောင်န၀င်းရေလှောင်တမံမျက်နှာပြင်တွင် အက်ကွဲကြောင်းဖြစ်ပေါ်မှုနှင့် စပ်လျဉ်းပြီး အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီမှ သဘာ၀ဘေး လျော့ပါးရေးဆွေးနွေး ဟောပြောပွဲနှင့် ညှိနှိုင်းအစည်းအ‌ဝေးကျင်းပမှုသတင်း

23_Pic_01 23_Pic_02

 

 

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်န၀င်းပင်မတမံ၏ ထိပ်မျက်နှာပြင်တွင် အလျားလိုက်နှင့်အပေါ်အောက် အက်ကွဲကြောင်းများ ဖြစ်ပေါ်မှုနှင့်စပ်လျဉ်း၍ အမျိုးသား သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအနေဖြင့်  သဘာ၀ဘေးကြိုတင်ကာကွယ်ရေးနှင့် ထိခိုက် ဆုံးရှုံးမှုလျော့နည်းစေရေး ကြိုတင်ပြင်ဆင်မှုနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် စီမံဆောင်ရွက်မှုလုပ်ငန်း များအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ နီးနီးကပ်ကပ် ဆောင်ရွက်လျက်ရှိပါသည်။

ယင်းသို့ဆောင်ရွက်မှု၏ လုပ်ငန်းတစ်ရပ်အဖြစ် ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၃-၂-၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် ဦးဆောင်သောအဖွဲ့သည် ဒေသခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီထွန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ၀င်းမြင့်ချစ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်၊ ဦး၀င်းနိုင်နှင့် မြို့နယ်သဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီများမှ တာ၀န်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ ပြည်သူများဖြင့် သဘာ၀ဘေးလျော့ပါးရေးဆွေးနွေးဟောပြောပွဲ ပြုလုပ်ခဲ့ပါ သည်။

ဆွေးနွေးဟောပြောပွဲ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သဘာ၀ ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ၀န်ကြီးဌာနက တာ၀န်ယူဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဘေးဒဏ် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်မှုများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနများ၊ CSOအဖွဲ့များ၊ ပြည်သူများအားလုံးပူးပေါင်းပါ၀င်ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေး ပြောကြား ပါသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ တာ၀န်ရှိ သူများက သဘာ၀ဘေး အန္တရာယ်များအကြောင်းနှင့် ပြည်သူများလိုက်နာဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ဆည်မြောင်းတာတမံ များဆိုင်ရာ အချက်အလက်များ၊ မြေပြင်အခြေအနေစီမံခန့်ခွဲမှုများနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေ များအား ရှင်းလင်းဆွေးနွေးပါသည်။

ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ရောက်လာသူများက ဆွေးနွေးကြရာ ကြိုတင် ပြင်ဆင်မှုများဆောင်ရွက်ရာတွင် တာ၀န်ရှိသူများက ဆောင်ရွက်သည့်အပိုင်းနှင့် ပြည်သူက ပါ၀င်ဆောင်ရွက် သည့်အပိုင်းတို့ရှိကြောင်းနှင့် ပြည်သူလူထုအတွင်း သတင်းအချက်အလက်အမှန် ရရှိစေရေးနှင့် အသိပညာ ပေးလုပ်ငန်းများ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် သဘာ၀ဘေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တာပေါ်လင်စများကို ပေါက်ခေါင်းမြို့နယ် သဘာ၀ဘေးစီမံခန့်ခွဲမှုကော်မတီသို့ ပေးအပ်ခဲ့ပြီး တောင်န၀င်းရေလှောင်တမံ မျက်နှာပြင်အက်ကွဲကြောင်း ဖြစ်ပေါ်မှု အခြေအနေကို သွားရောက်ကြည့်ရှု ကြပါသည်။

ဆက်လက်၍ ညနေပိုင်းတွင် ပြည်ခရိုင်နှင့် ပေါက်ခေါင်းမြို့နယ် သဘာ၀ဘေးစီမံခန့်ခွဲမှု ကော်မတီများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ CSO အဖွဲ့များမှ ကိုယ်စားလှယ် များနှင့် ညှိနှိုင်းအစည်းအဝေးကိုကျင်းပခဲ့ပြီး ဖြစ်ပေါ်နိုင်သည့်ဘေးအန္တရာယ်များ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လိုအပ်ချက်များ၊ ပူးပေါင်းပါ၀င်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပါသည်။

ညှိနှိုင်းဆွေးနွေးမှုများအရ သဘာ၀ဘေးလျော့ပါးရေးနှင့် ဘေးဖြစ်ပွားပါက ထိခိုက်မှုလျှော့ချနိုင် ရေးအတွက် ရေဘေးဆိုင်ရာလက်ကမ်းစာစောင်များ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေရေး၊ ကြိုတင် စုဆောင်း ထားရန်လိုအပ်သည့် အသက်ကယ်လှေ၊ အသက်ကယ်ကြိုး၊ အသက်ကယ်အင်္ကျီနှင့် ရှာဖွေ ကယ်ဆယ်ရေး သုံးပစ္စည်းများ ရရှိအသုံးပြုနိုင်ရေး၊ drone အသုံးပြု၍ မြေပြင် အချက်အလက်များရရှိရေး ဆောင်ရွက်ပေး နိုင်ရေးကိစ္စများ၊ မလိုလားအပ်သည့် ကောလာဟလများအား ဖြေရှင်းနိုင်ရေး၊ သတင်းမှန်များအား ပြည်သူသို့ အချိန်နှင့်တပြေးညီအသိပေးနိုင်ရေး၊ သတင်းအချက်အလက် အချိန်နှင့်တပြေးညီရရှိရေးနှင့် စီမံခန့်ခွဲမှု လုပ်ငန်းများအတွက် ဆက်သွယ်ရေးကွန်ယက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေရေး ပံ့ပိုးပေးနိုင်မည့် အစီအမံများ၊ ပြည်သူများ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရန်နှင့် ဆောင်ရန်/ ရှောင်ရန်တို့အား ကျယ်ပြန့်စွာ သိရှိစေရေးအတွက် ဟောပြောပွဲများ၊ သင်တန်းများဆောင်ရွက်ပေးနိုင်ရေးစသည့် သဘာ၀ ဘေးလျော့ပါးရေးနှင့် ထိရောက်ကောင်းမွန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရေးပံ့ပိုးကူညီပေးမည့် အခြေအနေများအား ဆွေးနွေးခဲ ့ကြကြောင်း သတင်း ရရှိပါသည်။

 

#dg_ar

#bgo_feb2019

 

 

Sign Up

Upcoming Events