လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၂-၂၀၁၉) ရက်နေ့တွင် ကျိုက်လတ်မြို့နယ် ရောင်နီဦး လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျိုက်လတ်မြို့၊ မှန်ကျောင်း(၆)လမ်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာကိုယ်စားလှယ်ခေါင်းဆောင် များ တက်ရောက်ခဲ့ကြရာ ဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဦးစီးဌာန၏ ဆောင်ရွက်ပေးနေသော လုပ်ငန်းတာဝန် များနှင့် သဘာဝဘေးလျော့ပါးရေး အသိပညာပေးများဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ရာ အဆိုပါ အခမ်းအနားသို့ တက်ရောက်သူ (၁၅၀)ဦးခန့်ရှိကြောင်း သိရှိရပါသည်။
#ar
#ayy_feb2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)