(၂၄-၂-၂၀၁၉)ရက်နေ့(၀၃:၁၀) အချိန်တွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ေျကျးရွာအုပ်စု၊ ကျည်တောင် ကျေးရွာပေါင်းလောင်းရေအား လျှပ်စစ်ဝန်း၊ နေအိမ်အတွင်း ဝါယာကြိုးအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး (၉၀ x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ (၉)ခန်းတွဲ(၂)ဆောင် မီး လောင်ကျွမ်းခဲ့ရာ အိမ်ထောင်စု (၂၁) စု၊ လူဦးရေ (၆၈)ဦး မီးဘေးသင့်ခဲ့ ပါကြောင်း ဘေးသတင်းရရှိခဲ့သည့်အတွက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူး ကြီးမင်းနောင်၊ ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာဌာန ဆိုင်ရာအသီးသီးမှ တာဝန်ရှိသူ များနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူ များသည် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး၊ ဆန်ရိက္ခာဖိုး ငွေ(၁၄၂,၈၀ဝ)ကျပ်တို့အား (၂၄-၂-၂၀၁၉)ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်း ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#npw_feb2019
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)