Category Archives: News
-
ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ကျွမ်းကျင်ပညာရှင်အဖွဲ့ လာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ကျွမ်းကျင် ပညာရှင် Dr. Harumi Kitabayashi ဦးဆောင်သောအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့အနေဖြင့် လူကုန် ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ စီမံချက်လက်ရှိဆောင်ရွက်ပြီးစီးမှု အခြေအနေ များ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာအုပ်စု၊မောင်နှမကျေးရွာ၌ (၂-၃-၂၀၁၉)ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေ အိမ်(၁၄)လုံး၊ လူမနေအိမ်(၁၂)လုံး၊ စုစုပေါင်းအိမ်(၂၆)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၁၄)စုမှ လူဦးရေ (၉၅)ဦး မီးဘေးသင့်ခဲ့ရာ အဆိုပါ မီးဘေးသင့်အိမ်ထောင်စု (၁၄)စု၊ လူဦးရေ(၉၅)ဦးအား ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး အိမ်ထောင်စု (၁၄)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၀၀,၀၀၀)၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၉၉,၅၀၀)ကျပ်၊ စုစု ပေါင်း (၁,၅၉၉,၅၀၀)ကျပ်တို့အား (၄-၃-၂၀၁၉) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #rke_mar2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း(၁/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
(၄-၃-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Hotel AMT ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း(၁/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင် ဦးစီးမှူးဒေါ်ဝင်းဝင်းအေးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပေးခဲ့ပြီး အဆိုပါ သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာများနှင့် သင်တန်း သား/သူ(၉၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #bgo_mar2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄ – ၃ -၂၀၁၉) ရက်နေ့တွင် မောင်တောမြို့နယ်၊ ရွာသစ်ကေရပ်ကွက်၊ အလယ်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၄) လုံးနှင့် ဈေးဆိုင်ခန်း (၁) ခန်းဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၆) ဦး မီးဘေးသင့်ခဲ့ပါ သဖြင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ထောင်စု (၄) စုစာ၊ လူနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀ဝိ/-)နှင့် … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃ – ၃ -၂၀၁၉) ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာအုပ်စု၊ လေးလကျေးရွာတွင် မီးလောင်မှုကြောင့် လူနေအိမ် (၂) လုံးမှ အိမ်ထောင်စု (၂) စု၊ မီးဘေးသင့်ခဲ့ပြီး သေဆုံးသူ (၁) ဦး၊ ဒဏ်ရာရသူ (၁) ဦးရှိခဲ့ပြီး အဆိုပါ မီးဘေးသင့်လူနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံံ့ငွေ (၂၀၀,၀၀၀)ကျပ်၊ သေဆုံး (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်၊ ဒဏ်ရာရသူ (၁) … Read more
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက် မအူပင် တံတား အောက်ဖက် ဆည်မြောင်းရေကာတာအနီး၌ (၁-၃-၂၀၁၉) ရက်နေ့တွင် Gas ပိုက်လိုင်းပေါက်ကွဲ မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့် ခဲ့သည့် ဒဏ်ရာရ လူနာ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်အား (၁၁:၁၀) အချိန် မအူပင် အထွေထွေရောဂါကုဆေးရုံကြီး၌ လည်းကောင်း၊ သေဆုံးသူ(၂)ဦးအတွက် (၁)ဦးလျှင် (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၆၀၀,၀၀၀)ကျပ်တို့အား (၁၁:၃၅) နာရီ အချိန်တွင် အိုင်ဝိုင်းကျေးရွာအုပ်စု … Read more
-
ရေနံချောင်းမြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာတွင် (၃-၂-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့်အိမ်ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ(၃၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆၅,၁၀၀ိ/-)ကျပ်၊ (၁၀)တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား (၂)ဦးအတွက် (၁၀၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၈၆၅,၁၀၀ိ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အိမ်ထောင်စု (၆)စုစာတို့အား (၄-၃-၂၀၁၉)ရက်နေ့ (၁း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။ #ha_fir #mgy_mar2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်သန်းသန်းဝင်း လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်၍ မုံရွာခရိုင် မုံရွာမြို့နယ်ရှိ ပညာရေးကောလိပ်ကျောင်းတွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ကျောင်းသား/သူ(၈၁၀)ဦးတို့အား (၄-၃-၂၀၁၉) ရက်နေ့ (၀၉:၀၀) နာရီမှ (၁၁:၃၀) နာရီအချိန်အထိ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း များပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_mar2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၁၉)ရက်နေ့ နံနက်(၀၉:၀၀)မှ(၁၀:၀၀)ထိ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ ဝိန်းဝိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူလူထု (၇၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_mar2019 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၃.၂၀၁၉) ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ ဖန်ခါးပင်ကျေးရွာအုပ်စု၊ ညောင်ပင်ကားယားကျေးရွာ၊ တွင် (၂၆.၂.၂၀၁၉)ရက်နေ့ က ဖြစ်ပွားခဲ့သော မီးဘေး (၁) အိမ် ထောင်စာအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)၊ ဘေးသင့်ပြည်သူ (၃) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၆၃၀ဝိ/-) နှင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုးပါ (၁) ပုံး တို့ကို … Read more









