လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃ – ၃ -၂၀၁၉) ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာအုပ်စု၊ လေးလကျေးရွာတွင် မီးလောင်မှုကြောင့် လူနေအိမ် (၂) လုံးမှ အိမ်ထောင်စု (၂) စု၊ မီးဘေးသင့်ခဲ့ပြီး သေဆုံးသူ (၁) ဦး၊ ဒဏ်ရာရသူ (၁) ဦးရှိခဲ့ပြီး အဆိုပါ မီးဘေးသင့်လူနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံံ့ငွေ (၂၀၀,၀၀၀)ကျပ်၊ သေဆုံး (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်၊ ဒဏ်ရာရသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀)ကျပ်နှင့် ဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၅၆,၃၀၀)ကျပ်နှင့် ကပ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၂) အိမ်ထောင်စာတို့အား (၄ – ၃ -၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စံပါယ်နံ့သာကျေးရွာအုပ်စု၊ ရပ်/ကျေးစာရေးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha-fir #sgg_mar2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
