ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

4_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက် မအူပင် တံတား အောက်ဖက် ဆည်မြောင်းရေကာတာအနီး၌ (၁-၃-၂၀၁၉) ရက်နေ့တွင် Gas ပိုက်လိုင်းပေါက်ကွဲ မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့် ခဲ့သည့် ဒဏ်ရာရ လူနာ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်အား (၁၁:၁၀) အချိန် မအူပင် အထွေထွေရောဂါကုဆေးရုံကြီး၌ လည်းကောင်း၊ သေဆုံးသူ(၂)ဦးအတွက် (၁)ဦးလျှင် (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၆၀၀,၀၀၀)ကျပ်တို့အား (၁၁:၃၅) နာရီ အချိန်တွင် အိုင်ဝိုင်းကျေးရွာအုပ်စု မအူပင် (တောင်ရေနံမြေ)၌ ကျန်ရစ်သူမိသားစုဝင်များထံသို့လည်းကောင်း၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၄-၃-၂၀၁၉) ရက်နေ့ တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#ha_fir

#ayy_mar2019

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events