
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၃.၂၀၁၉) ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ ဖန်ခါးပင်ကျေးရွာအုပ်စု၊ ညောင်ပင်ကားယားကျေးရွာ၊ တွင် (၂၆.၂.၂၀၁၉)ရက်နေ့ က ဖြစ်ပွားခဲ့သော မီးဘေး (၁) အိမ် ထောင်စာအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)၊ ဘေးသင့်ပြည်သူ (၃) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၆၃၀ဝိ/-) နှင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုးပါ (၁) ပုံး တို့ကို မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာဝန်ရှိသူများ ရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha
#bgo_mar2019
Source – မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)