(၄-၃-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Hotel AMT ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း(၁/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင် ဦးစီးမှူးဒေါ်ဝင်းဝင်းအေးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပေးခဲ့ပြီး အဆိုပါ သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာများနှင့် သင်တန်း သား/သူ(၉၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#bgo_mar2019
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)