ရေနံချောင်းမြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှု သတင်း

04 Pic 01
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာတွင် (၃-၂-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့်အိမ်ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀,၀၀၀ိ/-) ကျပ်၊
လူဦးရေ(၃၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆၅,၁၀၀ိ/-)ကျပ်၊ (၁၀)တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား (၂)ဦးအတွက် (၁၀၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၈၆၅,၁၀၀ိ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အိမ်ထောင်စု (၆)စုစာတို့အား (၄-၃-၂၀၁၉)ရက်နေ့ (၁း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။

 

#ha_fir
#mgy_mar2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events