မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

4 pic 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄ – ၃ -၂၀၁၉) ရက်နေ့တွင် မောင်တောမြို့နယ်၊ ရွာသစ်ကေရပ်ကွက်၊ အလယ်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၄) လုံးနှင့် ဈေးဆိုင်ခန်း (၁) ခန်းဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၆) ဦး မီးဘေးသင့်ခဲ့ပါ သဖြင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ထောင်စု (၄) စုစာ၊ လူနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀ဝိ/-)နှင့် လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ဖိုးထောက်ပံ့ငွေ (၅၄,၆၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၅၄,၆၀ဝိ/-) တို့အား (၄-၃-၂၀၁၉) ရက်နေ့တွင် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။ #ha-fir #rke_mar2019 Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events