Category Archives: News
-
ပွင့်ဖြူမြို့နယ်၊ ဘုန်းတော်ကြီးကျောင်းအတွက် MEC သွပ်နှင့် ကျောင်းဆောက်ပစ္စည်းဖိုး လှူဒါန်းမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ကျွန်းကလေး-ဘီးစပ်ခုံကျေးရွာ ဘုန်းတော်ကြီးကျောင်းသည် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမည့်အန္တရာယ်နှင့်နီးကပ်နေပါသဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း၌ ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ရသည့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ သိမ်ကျောင်း(၁)ကျောင်း၊ ဓမ္မာရုံ(၁)လုံး အတွက် MEC သွပ်ပြား(၂၀၀) ချပ်နှင့် ကျောင်းဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀ိ/-) ကျပ်တို့အား (၇-၃-၂၀၁၉)ရက်နေ့ (၁၃း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။ #ha_rbe #mgy_mar2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရေနံချောင်းမြို့နယ်တွင် ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာတွင် (၇-၃-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့်အိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၃,၆၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၃၃,၆၀၀ိ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၃)စုစာတို့အား (၇-၃-၂၀၁၉)ရက်နေ့ (၁၄း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။ #ha_rbe #mgy_mar2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
တောဆင်ရိုင်းများဝင်ရောက်ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄ – ၂ – ၂၀၁၉) ရက်နေ့တွင် သံတွဲခရိုင်၊ ဂွမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ ဆင်ကူးကျေးရွာ (ကြံခင်းပျက်)၌ တောဆင်ရိုင်းများဝင်ရောက်ဖျက်ဆီးမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး တဲအိမ် (၁)လုံး၊ လူဦးရေ ( ၅ )ဦးအတွက် ထောက်ပံ့ငွေ (၆၀,၀၀၀ိ/-)နှင့် (၂ – ၃ – ၂၀၁၉) ရက်နေ့တွင် ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာအုပ်စု၊ တိုင်ကျိုးကျေးရွာ (ရွာမကွင်း)နှင့် ဆားချက်ကျေးရွာအုပ်စု၊ ဆားချက်ကလေးကျေးရွာများတွင် လုံးဝပျက်စီးတဲအိမ် (၂)လုံး၊ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ပုလွှေရွှေကျေးရွာအုပ်စု၊ ရေလယ်ကျွန်း ကျေးရွာတွင် (၆-၃-၂၀၁၉) ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု (၅)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀,၀၀၀)ကျပ်နှင့် လူဦးရေ(၂၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၄,၆၀၀)ကျပ်တို့အား (၇-၃-၂၀၁၉) ရက်နေ့တွင် ဘေးသင့် ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ #ha_rbe #sgg_mar2019 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီး၊သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစီမံချက်ပြင်ဆင်ရေးဆွဲရန်အတွက် တတိယ အကြိမ်အလုပ်အမှုဆောင်အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ADB တို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီမံချက်ပြင်ဆင်ရေး ဆွဲရန်အတွက် တတိယအကြိမ် အလုပ်အမှုဆောင် အစည်းအဝေး အား ပုသိမ်မြို့၊ စွမ်းဟိုတယ်၌ (၇-၃-၂၀၁၉)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး ညွှန်ကြားရေးမှူးမှ အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ ADB မှတာဝန်ရှိသူများ စုစုပေါင်း(၂၅)ဦးတက်ရောက်ခဲ့ ကြောင်းသိရှိရပါသည်။ #ayy_mar2019 … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၃-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်ထိ ကော့ဘိန်းကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ လူဦးရေ (၁၅၀) ဦးခန့်အား မြို့နယ်သဘာဝဘေးကော်မတီ အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ရာ ပြည်သူလူထုများစိတ်ဝင်စားစွာ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2019 Source – ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကာကွယ်ရေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၃-၂၀၁၉) ရက်နေ့တွင်ဖျာပုံမြို့နယ်၊ အေးသာယာကျေးရွာအုပ်စု၊ စက်ဝကျေးရွာ စာသင်ကျောင်းတွင် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့်အတူ ဖျာပုံခရိုင်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပြည်သူ့ အသံ ကြားနာပွဲ ကျင်းပခဲ့ရာဦးစီးဌာနမှဆောင်ရွက်နေမှုများနှင့် ယခုအချိန်ဖြစ်ပေါ်နိုင်သည့် လေပြင်းဘေးကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပြီးလက်ကမ်းစာစောင်များဖြန့်ဝေအသိပညာပေးဆောင်ရွက်ခဲ့ရာ ကျေးရွာပြည်သူ (၁၅၀) ဦးတက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar_sgw #ayy_mar2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မိုင်းထိပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၃-၂၀၁၉) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မံစီမြို့၊ မံဝန်းကြီးကျေးရွာတွင် နေထိုင်သူ (၆) ဦးသည် မိုင်းထိဒဏ်ရာရရှိပါသဖြင့် (၁) ဦးလျှင် (၅၀,၀၀၀)ကျပ်နှုန်းဖြင့် (၆) ဦး (၃၀၀,၀၀၀) ကျပ်တို့အား (၆-၃-၂၀၁၉) ရက်နေ့တွင် မံစီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံပေးခဲ့ကြောင်းသိရှိရပါသည်။ #ha_otr #kcn_mar2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) တာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မီးလောင်ဖျားကျေးရွာအုပ်စု လယ်ကန်ကျေးရွာတွင် (၄-၃-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၁) အိမ်၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦး မီးဘေးသင့်ခဲ့၍ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈,၄၀၀ိ/-) ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀ိ/-) ၊ စုစုပေါင်းရန်ပုံငွေ (၁၀၈,၄၀၀ိ/-) နှင့် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်အတွင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ရာ ပြည်သူလူထု (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_mar2019 Source – ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









