လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ပုလွှေရွှေကျေးရွာအုပ်စု၊ ရေလယ်ကျွန်း ကျေးရွာတွင် (၆-၃-၂၀၁၉) ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု (၅)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀,၀၀၀)ကျပ်နှင့် လူဦးရေ(၂၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၄,၆၀၀)ကျပ်တို့အား (၇-၃-၂၀၁၉) ရက်နေ့တွင် ဘေးသင့် ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
#ha_rbe
#sgg_mar2019
Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)