ဧရာဝတီတိုင်းဒေသကြီး၊သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစီမံချက်ပြင်ဆင်ရေးဆွဲရန်အတွက် တတိယ အကြိမ်အလုပ်အမှုဆောင်အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

7_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်  ADB တို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီမံချက်ပြင်ဆင်ရေး ဆွဲရန်အတွက် တတိယအကြိမ် အလုပ်အမှုဆောင် အစည်းအဝေး အား ပုသိမ်မြို့၊ စွမ်းဟိုတယ်၌ (၇-၃-၂၀၁၉)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး ညွှန်ကြားရေးမှူးမှ  အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ ADB မှတာဝန်ရှိသူများ   စုစုပေါင်း(၂၅)ဦးတက်ရောက်ခဲ့ ကြောင်းသိရှိရပါသည်။

#ayy_mar2019

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events