
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာတွင် (၇-၃-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့်အိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊
လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၃,၆၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၃၃,၆၀၀ိ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၃)စုစာတို့အား
(၇-၃-၂၀၁၉)ရက်နေ့ (၁၄း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း
သတင်းရရှိပါသည် ။
#ha_rbe
#mgy_mar2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)