ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄ – ၂ – ၂၀၁၉) ရက်နေ့တွင် သံတွဲခရိုင်၊ ဂွမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ ဆင်ကူးကျေးရွာ (ကြံခင်းပျက်)၌ တောဆင်ရိုင်းများဝင်ရောက်ဖျက်ဆီးမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး တဲအိမ် (၁)လုံး၊ လူဦးရေ ( ၅ )ဦးအတွက် ထောက်ပံ့ငွေ (၆၀,၀၀၀ိ/-)နှင့် (၂ – ၃ – ၂၀၁၉) ရက်နေ့တွင် ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာအုပ်စု၊ တိုင်ကျိုးကျေးရွာ (ရွာမကွင်း)နှင့် ဆားချက်ကျေးရွာအုပ်စု၊ ဆားချက်ကလေးကျေးရွာများတွင် လုံးဝပျက်စီးတဲအိမ် (၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးတဲအိမ် (၄)လုံး၊ စုစုပေါင်းအိမ်ခြေ (၆)လုံး၊ အိမ်ထောင်စု (၆)စု၊ လူဦးရေ (၃၄)ဦးတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄၀၀,၀၀၀ိ/-) ထောက်ပံ့ခဲ့ပြီး (၄ – ၃ – ၂၀၁၉) ရက်နေ့တွင် ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာအုပ်စု၊ တိုင်ကျိုးကျေးရွာ (ရွာမကွင်း)တွင် တစ်စိတ်တစ်ပိုင်း ပျက်စီးတဲအိမ် (၃)လုံး၊ လုံးဝပျက်စီးတဲအိမ် (၂)လုံး၊ စုစုပေါင်းအိမ်ခြေ (၅)လုံး၊ အိမ်ထောင်စု (၅)စု၊ လူဦးရေ (၂၇)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀,၀၀၀ိ/-)၊ စုစုပေါင်းအိမ်ထောင်စု (၁၂)စု၊ လူဦးရေ (၆၆)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေစုစုပေါင်း (၈၁၀,၀၀၀ိ/-)အား (၇ – ၃ – ၂၀၁၉) ရက်နေ့တွင် တိုင်ကျိုးကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါသည်။ #ha_otr #rke_mar2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)