မီးဘေးထောက်ပံ့မှုသတင်း

07 Pic 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) တာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မီးလောင်ဖျားကျေးရွာအုပ်စု လယ်ကန်ကျေးရွာတွင် (၄-၃-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၁) အိမ်၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦး မီးဘေးသင့်ခဲ့၍ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈,၄၀၀ိ/-) ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀ိ/-) ၊ စုစုပေါင်းရန်ပုံငွေ (၁၀၈,၄၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုး (၁) အိမ်ထောင်စာတို့အား (၆-၃-၂၀၁၉) ရက်နေ့တွင် ဘေးသင့်မိသားစုများ၏လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။

 

#ha_fir
#mdy_mar2019
Source – ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events