
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ကျွန်းကလေး-ဘီးစပ်ခုံကျေးရွာ ဘုန်းတော်ကြီးကျောင်းသည် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမည့်အန္တရာယ်နှင့်နီးကပ်နေပါသဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း၌ ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ရသည့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ သိမ်ကျောင်း(၁)ကျောင်း၊ ဓမ္မာရုံ(၁)လုံး အတွက် MEC သွပ်ပြား(၂၀၀) ချပ်နှင့် ကျောင်းဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀ိ/-) ကျပ်တို့အား
(၇-၃-၂၀၁၉)ရက်နေ့ (၁၃း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း
သတင်းရရှိပါသည် ။
#ha_rbe
#mgy_mar2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)