Category Archives: News
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာ အုပ်စု၊ မကွေးကံပြားလမ်း၊ မိုင်တိုင်အမှတ် (၅/၇) အနီးဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာနှင့် လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀/-) ကျပ်တို့အား (၁၂-၃-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီ အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်မှုသတင်း
(၁၂ – ၃ – ၂၀၁၉) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ (RCC ) ခန်းမ၌ အနောက်ပိုင်းခရိုင်အတွင်း မြို့နယ် (၁၃) ခုမှ ဌာနဆိုင်ရာများ ၊လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း သင်တန်းသား (၅၂) ဦး ၊ရန်ကုန်တိုင်းဦးစီးမှူးရုံးမှ သင်တန်းသား (၄) ဦး၊ စုစုပေါင်းသင်တန်းသား (၅၆) ဦးဖြင့် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းအဖွဲ့( … Read more
-
ကမ်းပြိုမှုကြောင့်ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂ – ၃ – ၂၀၁၉) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ ကျုံဘုတ် ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်၍ မတ်လ (၉) ရက်နေ့အထိ တိုးမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးဖြစ်ပွားခဲ့ရာ ပြိုကျနေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၄) အိမ်ထောင်စုစာ၊ ကြိုတင်ပြောင်းရွှေ့နေအိမ် (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လေးမျက်နှာမြို့နယ်၊ ညောင်ပင်ဝဲအုပ်စု၊ ညောင်ပင်ဝဲကျေးရွာတွင် (၇ – ၃ – ၂၀၁၉) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စု၊ ရှိလူဦးရေ (၆) ဦး ဘေးသင့်ခဲ့ပြီး (၁၈,၅၁၀) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၂,၆၀၀) ကျပ်နှင့် care myanmar ပိုက်ဖျာ(၁) ချပ်အား လူမှုဝန်ထမ်း၊ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အထက်မအူတုံးကျေးရွာအုပ်စု၊ အထက်မအူတုံးကျေးရွာ၌ (၁၀-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂,၁၀၀)ကျပ်၊ စုစုပေါင်း (၁၀၂,၁၀၀) ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် အတူ (၁၂ – … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ) ရပ်ကွက်၊ ကရဝိတ်(၂)လမ်း ၊ အိမ်အမှတ် (၅၂၇)တွင် (၁၀ – ၃ – ၂၀၁၉) ရက်နေ့ (၀၈း၄၅) နာရီချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး/ပျဉ်ထောင် နေအိမ် (၉)လုံး၊ RC (၂)ထပ်တိုက် (၅)လုံး ၊ စုစုပေါင်းနေအိမ် (၁၄)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၂၇)စုမှ လူဦးရေ (၁၅၁)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၂၇) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၈,၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ … Read more
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၁၉) ရက်နေ့တွင် သောက်သုံး ရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ လောပလျားလဲကျေးရွာနှင့် မာခရော်ရှေ့ ကျေးရွာအုပ်စု၊ တနောကလောကျေးရွာများသို့ ရေဂါလံ (၃၀၀၀) ဆန့် ရေသယ်ယာဉ် (၁) စီးအား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_mar2019
-
ကျေးရွာသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့များဖွဲ့စည်းခြင်းနှင့်ကော်မတီတစ်ခုခြင်းစီအလိုက်လုပ်ငန်းတာဝန်နှင့်ဝတ္တရားများအကြောင်းရှင်းလင်းခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးနှင့် အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၃.၂၀၁၉) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ သပြေပင်ကျေးရွာအုပ်စု၊ ကြာနီကျေးရွာ၌ ကေဘီစီလူမှုရေး အသင်းနှင့်ပူပေါင်း၍ကျေးရွာသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့များဖွဲ့စည်းခြင်းနှင့်ကော်မတီတစ်ခုခြင်းစီအလိုက်လုပ်ငန်းတာဝန်နှင့်ဝတ္တရားများအကြောင်းများအားရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy-mar2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံးနှင့် အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် နည်းပညာပေါင်းစပ်အသုံးပြုဆောင်ရွက်နိုင်ရန် ဖွဲ့စည်းမှုပိုင်းဆိုင်ရာ အားကောင်းစေရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
မတ်လ ၁၁ ၊ နေပြည်တော် UNOOSA၊ UN-SPIDER၊ UN-HABITAT နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ တွင် နည်းပညာပေါင်းစပ်အသုံးပြုဆောင်ရွက်နိုင်ရန် ဖွဲ့စည်းမှုပိုင်ဆိုင်ရာအားကောင်း စေရေး အလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဆွေးနွေးစကားပြေားကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးနှင့်ပတ်သက်လျင် ဘေးဒဏ်ကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်း ရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်ရေး၊ ဖြစ်ပေါ်လာပါက အလျင် အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊မူလအခြေအနေထက် … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
(၁၀ – ၃ – ၂၀၁၉) ရက်နေ့၊ (၁၆:၀၀) အချိန်တွင် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက် ၊ နယ်မြေ (၈) တွင် နေအိမ် (၂) လုံး မီးလောင်ကျွမ်းခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)ကျပ် မီးဘေးသင့်လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေဖိုးထောက်ပံ့ငွေ (၂၁,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း (၂၂၁,၀၀၀ိ/-)ကျပ်နှင့် (၇၅၃၆၂ိ/-) ကျပ် တန်းဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင် စုစာတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ … Read more









